Loading...
Luxuri ရဲ့ essential oil burner အသုံးပြုပြီး aromatherapy လေး လုပ်ကြမယ်နော် ...
🪔 How it works:

Luxuri Burmese burner လေးအပေါ်မှာပါတဲ့ စဉ့်ရည်သုတ်ထားတဲ့ မြေသားခွက်လေးထဲကို ရေနဲ့ essential oil အစက်ချပြီး မီးအပူပေးခြင်းအားဖြင့် ရေငွေ့နဲ့အတူ essential oil molecules လေးတွေကပါ အငွေ့ပြန်လာပြီး အသုံးပြုထားတဲ့ အခန်းထဲမှာ ၅ မိနစ်မှ ၁၀ မိနစ်အတွင်း aroma ကို စတင် ခံစားရမှာဖြစ်ပါတယ်။ ကိုယ် အသုံးပြုလိုက်တဲ့ essential oil ရဲ့ အာနိသင်ပေါ်မူတည်ပြီး အိပ်ပျော်ဖို့တွန်းအားပေးတာ၊ relax ဖြစ်တာ၊ calm down ဖြစ်စေတာ၊ anxiety သက်သာစေတာ စတဲ့ emotional benefits တွေကို ရရှိစေမှာဖြစ်ပါတယ်။

🪔Requirements:

Essential oil burner လေးကို Aircon ဖွင့်ထားချိန်အသုံးပြုလို့ရပါတယ်။
Essential oil ရဲ့ အကောင်းဆုံးသော မွှေးရနံ့ကို ကြာရှည်စွာ ရရှိစေဖို့ အတွက် အခန်းထဲမှာ လေဝင်လေထွက်ကောင်းအောင် ထားရှိပေးဖို့ လိုအပ်ပါတယ်။ လှောင်ပိတ်နေတဲ့ အခန်းမျိုး မဖြစ်ရအောင် Aircon အသုံးမပြုတဲ့ အချိန်တွေမှာ ပြတင်းပေါက်ဖွင့်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပြတင်းပေါက်ဖွင့်ပြီး အသုံးပြုရင်လည်း လေတိုက် မကြမ်းတဲ့ အခန်းတွေမှာဆို မွှေးရနံ့က ပျယ်မသွားပါဘူးနော်။ ပြတင်းပေါက်ဖွင့်ထားတဲ့ အခန်းကျယ်တွေ အတွက်တော့ oil drops လေးပိုထဲ့ပေးပါ။
Aroma မွှေးရနံ့ က အသုံးပြုမယ့် အခန်းရဲ့ အရွယ်အစား၊ ထဲ့လိုက်တဲ့ essential oil ပမာဏ၊ ကိုယ်နဲ့ essential oil burner ရဲ့ကြား အကွာအဝေးပေါ်မှာ မူတည်ပြီး သက်ရောက်နိုင်ပါတယ်။

Indoor Air Quality ကောင်းအောင် ပြုလုပ်ရမယ့် အချက်လေးတွေကို ဒီမှာဖတ်ပေးပါနော်။

Indoor Air Quality ကောင်းအောင် ပြုလုပ်နည်း သို့ >>

ပုံမှန်အသုံးပြုနေတဲ့ အိမ်သုံး Aircon တွေက ပြင်ပက လေနဲ့ exchange မလုပ်ပေးတာလေးကို သတိပြုစေချင်ပါတယ်။ Indoor Air Quality ကောင်းစေဖို့အတွက် အလုံပိတ်အခန်းတွေမှာ Air Purifier တွေကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

🪔 Safety:

Essential oil burner လေးတွေက ဖယောင်းနဲ့ တွဲ အသုံးပြုရတာ ဖြစ်တဲ့ အတွက် မီးသတိ လေး ထားပြီး အသုံးပြုပေးပါနော်။ Luxuri Burmese burner လေးတွေကို မီးဒဏ်ခံနိုင်ပြီး လုံခြုံမှုရှိအောင် quality ကောင်းကောင်းနဲ့ မြန်မာ့ မြေထည် လက်မှု ပစ္စည်းလေးတခုအဖြစ် ဂုဏ်ယူစွာနဲ့ ထုတ်လုပ်ထားပါတယ်။

🪔 Long-lasting:

Burmese burner လေးကို ရေရှည် အသုံးပြုနိုင်ပါတယ်ရှင်။

🪔 Timing:

Burning ပြုလုပ်နိုင်တဲ့ အချိန်က အခန်းအကျယ် အဝန်း နဲ့ air circulation ပေါ်မူတည်ပြီး အခန်းကျဉ်းတွင် မိနစ် ၃၀ မှ အခန်း ကျယ်တွင် ဖယောင်းကုန်သည် အထိ အသုံးပြုနိုင်ပါတယ်။
Diffuse လုပ်ထားတဲ့ essential oil ပေါ်မူတည်ပြီး အသုံးပြုပြီး နာရီ အတော် ကြာ အခန်းထဲမှာ aroma သင်းပျံ့နေကျန်ခဲ့မှာဖြစ်ပါတယ်။
အခြားသိလိုတဲ့ အကြောင်းအရာလေးတွေရှိရင် Luxuri Page messenger မှာ message ပို့ပြီး မေးမြန်းနိုင်ပါတယ်။

🪔 How to Diffuse (Step by Step):
Step 1:

Luxuri ရဲ့ Essential Oil လေးတွေကို Burmese Burner အသုံးပြုပြီး ဘယ်လိုမျိုး Diffuse လုပ်ရမယ်ဆိုတာလေးကို ပြောပြပေးပါမယ်။ Burner လေးနဲ့ Diffuse လုပ်တော့မယ်ဆိုရင် ပစ္စည်းတွေကို ပုံထံမှာပါတဲ့အတိုင်းလေး တွေ့ရမှာဖြစ်ပါတယ်။ ဘာတွေပါလဲဆိုတော့ essential oil ပုလင်းလေးရယ်၊ မြေအိုးလေးရယ်၊ စဉ့်ရည်သုတ်ထားတဲ့ မြေခွက်လေးရယ်၊ ဖယောင်းခံ ခွက်လေးရယ်နဲ့ဖယောင်းလေးရယ်ပါ ပါတယ်။

Step 2:

ပထမဆုံးအဆင့်အနေနဲ့ စဉ့်ရည်သုတ်ထားတဲ့ ခွက်လေးထဲကို ရေအပြည့်ဖြည့်ရပါမယ်။

Step 3:

ရေခွက်လေးကို မြေအိုး Burner လေးပေါ်ကို ဖြည်းညင်းစွာတင်ပေးပါ။

Step 4:

ပြီးရင်တော့ ကိုယ့်ရဲ့ mood ပေါ်မှာ မူတည်ပြီးတော့ ကိုယ်လိုချင်တဲ့ benefits တွေကို ပေးစွမ်းနိုင်မယ့် essential oil ပုလင်းလေးယူလိုက်ပါ။ essential oil ပုလင်းလေးတွေသိမ်းဆည်းတဲ့အခါမှာ နေရောင်တိုက်ရိုက်မကျတဲ့နေရာနဲ့ အပူချိန်အရမ်းမပြင်းတဲ့နေရာမှာ သိမ်းဆည်းပေးပါ။

Step 5:

ရေဖြည့်ထားတဲ့ ခွက်ထဲကို essential oil ၃ စက် မှ ၈ စက် လောက်ထည့်ပေးရပါမယ်။ ဒီနေရာမှာ မိမိတို့ရဲ့ အခန်းအကျယ်အဝန်းပေါ်မူတည်ပြီး လိုတိုး ပိုလျှော့ ပြုလုပ်လို့ရပါတယ်ရှင်။ ရနံ့သင်းသင်းလေးပဲကြိုက်တတ်တဲ့သူဆို 3 စက်လောက်ထည့်လိုက်ရင် ကို မွှေးနေပါပြီ။ Essential oil လေးတွေမှာ တမျိုးနဲ့ တမျိုး ရနံ့ intensity ဖြစ်ပုံချင်းမတူတာကြောင့် ပထမတကြိမ် ပေါ်မူတည်ပြီး ကိုယ့်ရဲ့ အကြိုက်လေးကို ချိန်ညှိပေးပါ။

Step 6:

နောက်တဆင့်အနေနဲ့ ဖယောင်းခံခွက်ထဲကို ဖယောင်းလေး ထည့်လိုက်ပါ။ ဖယောင်းကို မီးညှိပေးရပါမယ်ရှင်။ မီးညှိတဲ့အခါ လက်အပူမလောင်အောင် သတိထားပေးပါဦး။

Step 7:

မီးညှိပြီးရင်တော့ လက်ကိုင်ဖို့အသင့်ပြုလုပ်ပေးထားတဲ့နေရာလေးကနေကိုင်ပြီး Burner လေးထဲကို ထည့်ပေးရပါမယ်။

Step 8:

အခုဆိုရင်တော့ ဖယောင်းက မီးအပူလေးက အပေါ်မှာရှိတဲ့ စဉ့်ရည်သုတ် ခွက်လေးကို အပူပေးပြီး ထွက်လာတဲ့ အငွေ့တွေကနေ သင်းပျံ့တဲ့ aroma မွှေးရနံ့တွေကို ထုတ်လွှတ်ပေးပါလိမ့်မယ်။ LUXURI ရဲ့ Essential Oil လေးတွေက Single essential oil မဟုတ်ဘဲ သေသေချာချာလေး blend လုပ်ပေးထားတဲ့အတွက် စိတ်ကျေနပ်စရာရနံ့တွေကို ပေးစွမ်းပြီး စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးပါလိမ့်မယ်။

Luxuri 💌
Enjoy your Happiness 😇