Loading...

🏡💭Indoor Air Quality ကောင်းအောင်

ဘာတွေ လုပ်ရမလဲ?

📆နေ့စဉ်နေထိုင်နေတဲ့ အခန်းထဲမှာ ရှိတဲ့ လေထုရဲ့ အရည်အသွေးကို ဂရုစိုက်ဖို့ မေ့နေ တတ်ကြပါတယ်။ တကယ်တော့ နေ့စဉ်ရှုသွင်းလိုက်တဲ့ လေထုဟာ သန့်ရှင်းဖို့နဲ့ Quality ကောင်းဖို့ အရေးကြီးပါတယ်။ လေထု ညစ်ညမ်းနေခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ မွေးရနံ့တွေ အသုံးပြုပေမယ့်လည်း အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် လေထု သန့်ရှင်းအောင် လုပ်ဖို့ကလည်း အပမ်းမကြီးတာကြောင့် Post လေးကို ဆက်ဖတ်ကြည့်ရအောင်နော်😇😇😇

🛌အခန်းတွင်း Air circulation မကောင်းတဲ့အခါ အခန်းထဲမှာရှိတဲ့ carbon dioxide ပမာဏ/ စိုထိုင်းမှုများလာပါတယ်။ အဲ့ဒီ့အခါ အခန်းတွင်းလေထုက မလတ်ဆတ်တော့ဘဲ Carbon Dioxide ပမာဏများခြင်းအတွက်ရယ်၊လေထုစိုထိုင်းတဲ့အတွက်ရယ် လေထုထဲမှာ ဘတ်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့အတွက် အခန်းတွင်း မှာ ကြာရှည်စွာ မသန့်ရှင်းတဲ့ လေကို ရှုမိတဲ့ အခါ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အကျိုးဆက် ပြသနာတွေကတော့ လည်ချောင်းခဏခဏ ယားလာမယ်၊ မကြာခဏ နှာချေမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ပြီးတော့ ခေါင်းတွေကိုက်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုအခန်းတွေမှာလေထုညစ်ညမ်းတတ်လဲ။

ဂိုထောင်လို အလုံပိတ်ထားတဲ့အခန်းတွေမှာဖြစ်တတ်ပါတယ်။ပြီးတော့ လူမနေတာကြာတဲ့အခန်းတွေ ပြတင်းပေါက်မဖွင့်ဘဲ အကြာကြီးထားတဲ့အခန်းတွေမှာလေဝင်လေထွက်မရှိခြင်းကြောင့်carbon dioxide ပမာဏ ပိုများတဲ့အတွက် အနံ့အသက်မကောင်းရုံတင်မကဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ⚠️ ဥပမာအားဖြင့် ပြောရရင် ခရီးက ပြန်လာတဲ့ အခါ အိမ်တံခါးဖွင့်လိုက်ရင် အနံ့အသက်မကောင်းတတ်တာကိုသတိထားမိမှာပါ။ တံခါးတွေ ဖွင့်ပြီး ကြာကြာထားလိုက်မှ အနံ့အသက်ပျောက်သွားတာကိုလည်း မှတ်မိကြမှာပါနော်။

ဒါကြောင့် လေထုညစ်ညမ်းနေလားဆိုတာကို အနံ့အသက်မကောင်းတာကို ခံစားမိတာမျိုး၊ မှိုနံ့လို ရတာမျိုး၊ အခန်းတွင်း အစိုဓာတ်များပြီး စိုထိုင်းနေတာ မျိုးတွေနဲ့ သိရှိနိုင်ပါတယ်။ တခါတရံလည်း ကိုယ်က အနံ့မရပေမယ့် လေဝင်လေထွက် မကောင်းတဲ့ အခန်းတွေမှာ လေထု ညစ်ညမ်းနေနိုင်ပါသေးတယ်ရှင်..

🙋‍♀️ဒါဆို ဘယ်လိုလုပ်ရမလဲ?

✅ပြတင်းပေါက်တွေကို အခါအားလျော်စွာ ဖွင့်ထားလိုက်ပါ။ အခန်းထဲမှာ အောက်စီဂျင်ပမာဏ များဖို့အတွက် အခန်းထဲပိတ်လှောင်ပြီး Carbon Dioxide များနေတဲ့လေထုနဲ့ ပြင်ပက လတ်ဆတ်တဲ့လေထုကို လဲလှယ်ဖို့ လိုပါတယ်။ နေ့စဉ် အခန်းပြတင်းတံခါးဖွင့်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အခန်းထဲက မကောင်းတဲ့လေထုက အပြင်ထွက်သွားဖို့အတွက် အခွင့်သာရင် သာသလို ပြတင်းပေါက်တံခါးတွေဖွင့်ထားပေးသင့်ပါနော်…

✅Aircon Filter တွေ ကို သန့်စင်ပေးပါ။ Air Con က Filter တွေ ဖြုတ်ပြီး လဲလှယ်တာဖြစ်ဖြစ် ပြန်လည်ဆေးကြောတာပဲဖြစ်ဖြစ် ပြုလုပ်ပေးရမှာပါ။ Filter မှာ ကပ်နေနိုင်တဲ့ မှိုတွေနဲ့ Bacteria တွေက အခန်းတွင်းလေထုကို အနံ့အသက်ဆိုးရွားစေပါတယ်။ ဒါကြောင့် Air Con က filter ကို ပုံမှန်အားဖြင့် ၂ ပတ် ၁ခါ ဖြုတ်ပြီးဆေးကြောသင့်ပါတယ်။

✅လိုအပ်တဲ့နေရာမှာ ပန်ကာတပ်ဆင်ပေးပါ။ အိမ်တွင်းက မကောင်းတဲ့လေတွေကို ပြင်ပကို ထုတ်ဖို့အတွက် ပန်ကာလေးတွေတပ်ဆင်သင့်ပါတယ်။ ဒါမှသာ Air Circulation ကောင်းမွန်ပြီး ဆိုးရွားတဲ့ အနံ့အသက်တွေကင်းဝေးစေမှာပါ။

✅လေသန့်စင်စက် (Air purifier) အသုံးပြုပါ။ အလုံပိတ် အခန်းတွေ Natural Air Circulation မကောင်းတဲ့နေရာတွေမှာ Air Purifier ကို သုံးပေးနိုင်ပါတယ်။Air Purifier တွေက အခန်းထဲမှာရှိတဲ့ Carbon Dioxide ပမာဏကို လျော့ချပေးပြီး air circulation ကောင်းမွန်အောင်လုပ်ပေးတဲ့အတွက် တပ်ဆင်ထားသင့်ပါတယ်ရှင်..

✅အောက်စီဂျင်ထုတ်ပေးတဲ့ အပင်လေးတွေစိုက်ပါ။ အခန်းတွင်းမှာ သဘာဝ အလျောက် အောက်စီဂျင်ထုတ်ပေးတဲ့ အပင်လေးတွေ စိုက်လို့ရပါတယ်။ အပင်လေးတွေ စိုက်ပေးခြင်းက သဘာဝ နဲ့ အနီးစပ်ဆုံး ထိတွေ့နိုင်ပြီးတော့ သန့်ရှင်းလတ်ဆတ်တဲ့ အောက်စီဂျင်ကို ထုတ်ပေးရုံသာမက စိတ်အေးချမ်းခြင်းကိုလည်း ဖြစ်စေပါတယ်ရှင်..

နောက်ဆုံးအနေနဲ့ အကြံပေးလိုတာက

ကျန်တာတွေ အများကြီး ဂရုမစိုက်နိုင်ရင်တောင်မှ ❄️❄️Aircon က filter လေးကို အဖုံးဖြုတ်ပြီးဆေးမယ်။ ခုပဲ ကြည့်ကြည့်လိုက်နော် ဖုန်တွေဘယ်လောက်တောင်များနေပြီလဲဆိုတာ😩😩😩 ပြတင်းပေါက်လေးတွေဖွင့်ထားပြီး သဘာဝ အလင်းရောင်ရယ် သန့်ရှင်းလတ်ဆတ်တဲ့ လေရယ် ရယူမယ် 🍀ချစ်စရာ ကောင်းတဲ့ အပင်လေးတွေ စိုက်ကြမယ်နော် 🤩🤩🤩

ကဲ…အခန်းထဲက လေထုသန့်စင်သွားပြီဆိုရင်တော့ Luxuri က essential oil လေးတွေနဲ့ diffuse လုပ်ပြီး စိတ်ကြည်လင်စွာ အနားယူနိုင်ပါပြီရှင်❤️ပြီးတော့ essential oil လေးတွေကို diffuse လုပ်တဲ့အခါ သူ့ရဲ့ အကောင်းဆုံး အာနိသင်ရဖို့ အခန်းကို အမြဲ air circulation ကောင်းအောင်ထားဖို့နဲ့ မထွန်းခင်မှာ လေထု မညစ်ညမ်းနေစေဖို့ မမေ့နဲ့နော် ပြီးတော့ 🪔တခါ burning လုပ်ရင်လည်း အကြာကြီး burning မလုပ်ဖို့ မှာချင်ပါတယ်နော်😇

Luxuri ရဲ့ essential oil blends လေးတွေကို သဘောကျလို့ အကြာကြီးထွန်းချင်စိတ်လေးဖြစ်တာကိုပဲ ကျေးဇူးတင်နေပါပြီရှင်။ ဒါပေမယ့် Luxuri ရဲ့ ရည်ရွယ်ချက်က အားလုံးကို wellbeing and happily living ဖြစ် စေချင်လို့ essential oil လေးတွေအကြောင်း သေချာလေး educate လုပ်ပြီး စနစ်တကျလေး diffuse လုပ်ကြမယ်နော်

Essential oil လေးတွေက တခုနဲ့ တခု ဂုဏ်သတ္တိခြင်းမတူတာကြောင့် တခါ diffuse လုပ်ရင် ၃၀ မိနစ်မှ တစ်နာရီအတွင်း diffuse လုပ်ပေးဖို့ကို အကြံပေးလိုပါတယ်နော်.. နောက်ပိုင်း post တွေမှာလည်း ခဏခဏ သတိပေးပြီး essential oil knowledge များများရေးပေးပါ့မယ်ရှင်🤍

Luxuri💌

Enjoy your Happiness 😇